Sunday, October 15, 2023

မြောက်ဦးခေတ် အမျိုးသမီးများ၏ ဆံကေသာထုံးဖွဲ့မှုဟန်များ


         မြောက်ဦးခေတ်ကို အေဒီ ၁၄၂၉ မှ ၁၇၈၅ အထိ သတ်မှတ်နိုင်ပြီး မြောက်ဦးခေတ် အထောက် အထားများကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်ကြီး၊ ရတနာပုံ စေတီတော်၊ ကိုးသောင်းပုထိုးတော်ကြီး၊ လေးမျက်နှာဘုရား၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ ထူပါရုံ ဘုရား၊ မင်းခေါင်ရွှေတူဘုရား၊ လောင်ပွန်းပြောက်ဘုရား၊ ဝသဲ့ဘုရား၊ သကျမာရ်အောင်၊ ဇိနမာရ် အောင်၊ လောကမာရ်အောင်၊ ရတနာမာရ်အောင်၊ မင်္ဂလာမာရ်အောင်၊ ခြင်ကိုက်ပိဋကတ်တိုက် စသည့် ဘုရား၊ ဂူ၊ ပုထိုး၊ သိမ်များတွင် တွေ့ရပါသည်။


မြောက်ဦးခေတ်တွင် ဆံထုံးပုံစံ ၆၄ မျိုး ရှိခဲ့ကြောင်း ဆိုကြသော်လည်း ရှေးခေတ်ရခိုင် လင်္ကာ တစ်ခုတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်-

ဇမ္ဗူတံခွန်၊ မင်းမွန်စိုးမြတ်၊ လောကနတ်တို့၊ ကျင့်အပ်တရား၊ စောင့်ထိန်းငြားသည်။ မမှားအမှန်၊ မြတ်မွန်သီလ၊ မြတ်ဓမ္မဖြင့်၊ စိုးကြသောခါ၊ ပြည်ဓညာဝယ်၊ နေပါတုံလျှင်, သူတော်စင်တို့၊ ဆင်ယင်ဝတ်စား၊ ရှိငြားတန်တန်၊ ထုံးနည်းမှန်မှာ၊ ထုတ်ပြန်တစ်ချက်၊ မပျက်ဥသျှောင်၊

ကုန်းဘောင်ခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ

             ကုန်းဘောင်ခေတ်သည် အေဒီ ၁၇ ရာစုမှ ၁၈ ရာစုကြား ထွန်းကားခဲ့ပါသည်။ ကုန်းဘောင်ခေတ်ကို ကုန်းဘောင်ခေတ်ဦး၊ ကုန်းဘောင်ခေတ်လယ် (အမရပူရခေတ်) နှင့် ကုန်းဘောင်ခေတ်နှောင်း (ရတနာပုံခေတ်) ဟူ၍ ပိုင်းခြားထားပါသည်။

          ကုန်းဘောင်ခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုများကို စာပေမှတ်တမ်း၊ ပုရပိုက် ပန်းချီ၊ နံရံဆေးရေးပန်းချီ၊ ဓာတ်ပုံ၊ ရုပ်တုရုပ်ကြွများ စသည်ဖြင့် စုံလင်စွာ တွေ့ရှိရပါသည်။

          ကုန်းဘောင်ခေတ်ဦး ပန်းချီနံရံဆေးရေး လက်ရာများကို ပုဂံမြို့ အာနန္ဒာအုတ်ကျောင်း၊ ချောင်းဦးမြို့၊ ခင်မွန်ရွာ၊ ရွှေစာရံ ဖိုးကုလားဘုရား၊ စစ်ကိုင်း လောကအောင်မြေဘုရား၊ တောင် သမန် ကျောက်တော်ကြီးဘုရား၊ မန္တလေး မဟာမြတ်မုနိဘုရား၊ အမရပူရ ရွှေဂူသာဘုရား စသည် တို့တွင်လည်းကောင်း၊ ပုရပိုက်ပန်းချီများတွင်လည်းကောင်း၊ နိုင်ငံခြားသံတမန်များ၏ မှတ်တမ်း တင် ရေးဆွဲခဲ့ကြသော ပန်းချီများတွင်လည်းကောင်း၊ ဓာတ်ပုံမှတ်တမ်းများအဖြစ် လည်းကောင်း တွေ့ရပြီခေတ်ပြိုင် စာ ကဗျာ မှတ်တမ်းများတွင်လည်း တွေ့ရှိရပါသည်။

ပုဂံမြို့၏မော်ကွန်းထိန်းဖြစ်သူ ဥတ္တနရာဇာ လှူဒါန်းခဲ့သည့် ကုန်းဘောင်ခေတ်ဦးလက်ရာ

တောင်ငူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ

             တောင်ငူခေတ်သည် အေဒီ ၁၅ ရာစုနှောင်းပိုင်းမှ ၁၇ ရာစုဦးကြား ထွန်းကားခဲ့ပါသည်။

တောင်ငူခေတ်တွင် စာဆိုကျော်များ များစွာ ပေါ်ထွန်းခဲ့သောကြောင့် ထိုစာဆိုများ ရေးဖွဲ့ ခဲ့သည့် ပျို့၊ ကဗျာ၊ ရတု စသည်တို့မှ တောင်ငူခေတ် အမျိုးသမီးတို့၏ ဆံကေသာထုံးဖွဲ့မှု ဟန်ကို ဖော်ထုတ်နိုင်ပါသည်။

          ရှင်သံခို၏ ရတုတွင်-

ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားလည်မခွေ၊ စုလည်းပြေနှင့် ဟု ဖော်ပြထားရာ တောင်ငူ ခေတ် အမျိုးသမီးတို့သည် စုလည်းဆံထုံးမျိုးကို ထုံးဖွဲ့၍ ဆံစကို နားအနီးတွင် မခွေဘဲ ဖြာထွက် နေဟန် အင်းဝခေတ်၏ ဗျာပါဆံမျိုး ဆက်လက်အသုံးပြု ထုံးဖွဲ့လာသည်ဟု ဆိုရ ပေမည်။

          မင်းဇေယျရန္တမိတ်၏ တောင်ငူခေတ် နန်းတွင်းသူများအကြောင်း ရေးဖွဲ့ထားသော ကဗျာ တွင်-

လျော့လျော့ရည်းရည်း၊ ညရီဆည်းတွင်၊ ပန်းလည်းမဆင်၊ ကေရှင်ပင့်၍၊ မထုံးလေတတ်၊ လိမ်းချေမွတ်နှင့် ဟု ရေးစပ်ခဲ့ရာ နန်းတွင်းသူများသည် ဆံပင်ကို ညနေပိုင်းတွင် ထုံးဖွဲ့ခြင်း၊ ပန်းပန်ဆင်ခြင်း မပြုလုပ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

          နတ်သျှင်နောင်၏ ရတုများတွင်

အင်းဝခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ

             အင်းဝခေတ်ကို အေဒီ ၁၄ ရာစုမှ ၁၇ ရာစုဦး ကြားကာလအဖြစ် ယေဘုယျ သတ်မှတ် နိုင်ပါသည်။ အင်းဝခေတ်ကို ပထမအင်းဝခေတ်၊ ဒုတိယအင်းဝခေတ် (ညောင်ရမ်းခေတ်)နှင့် တတိယအင်းဝခေတ် အဖြစ် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပါသည်။ အင်းဝခေတ်သည် မြန်မာစာပေ၏ ရွှေခေတ်ဟု တင်စားနိုင်ခဲ့သည့်အလျောက် ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု စသည့် စာပေအမျိုးအစား များစွာ ပေါ်ထွက်ခဲ့ပြီး စာဆိုတော်များစွာလည်း ထွန်းကားခဲ့ပါသည်။

       အင်းဝခေတ် အမျိုးသမီးတို့၏ ဆံကေသာထုံးဖွဲ့မှုဟန်များကို စာပေမှတ်တမ်းများနှင့် နံရံဆေးရေးပန်းချီ အထောက်အထားများမှ အများဆုံး တွေ့ရှိရပြီး ရုပ်တုအချို့တွင်လည်း တွေ့ရ ပါသည်။

          ရှင်မဟာရဋ္ဌသာရ၏ ဝဏ္ဏပဘာ အစချီ တောက်တဲ့တွန့်ရတုတွင်-

ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်မူ၊ ကျစ်လျစ်တင့်စမ္ပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြ မြိတ်စို့၊ ဆင်းရောင်ပျို့ကို . . . ရွှေကြက်တောင်ဝယ်၊ ဖြူရောင်ရေးထင်စွ၊ သွယ်ခွေချ၍ . . . ဒေဝစ္ဆရာ၊ ပြင်လျာသက်တင်ရောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်ပြစ်မျိုးလွတ်၊ ပြာထွတ်ထွတ် လျှင်၊ ရစ်ပတ်ခြူးမြှောင့်စီ . . .” ဟု ဖော်ပြထားရာ အင်းဝခေတ် အမျိုးသမီးများသည်

ပုဂံခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ

        ပုဂံခေတ်ကို အေဒီ ၁၀ ရာစုမှ အေဒီ ၁၃ ရာစုအထိ သတ်မှတ်ထားပါသည်။ ပုဂံခေတအထောက် အထားများကို ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ ချောက်၊ စလေ၊ စလယ် စသည့် ဒေသများရှိ ဘုရား၊ စေတီ၊ ဂူ၊ ပုထိုးများတွင် အများဆုံး တွေ့ရှိရပါသည်။

          ပုဂံခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များကို နံရံပန်းချီ အထောက်အထား များ၊ ရုပ်တု ရုပ်ကြွများနှင့် စာပေမှတ်တမ်းများအရ ပြန်လည်ဖော်ထုတ် လေ့လာနိုင်ပါသည်။

          ထို့အပြင် ပုဂံခေတ်၌ ဆံထုံးထုံးနည်း ၅၅ နည်း ရှိခဲ့သည့်အကြောင်းကို တောင်ငူဘုရင် မဟာဓမ္မရာဇာမင်း၏ ကိုယ်လုပ်တော်ဖြစ်ခဲ့သူ ဘိုးတော်ဘုရား လက်ထက်တွင် အင်းဝနန်းတွင်း စာဆိုတော် ဖြစ်လာသော ရဝေရှင်ထွေးက မြန်မာသက္ကရာဇ် ၉၆၇- ၉၉၀ (အေဒီ ၁၆၀၅- ၁၆၂၈) တွင် အန်ချင်း တစ်ပုဒ်တွင် အောက်ပါအတိုင်းရေးဖွဲ့ စပ်ဆိုခဲ့ပါသည်-

အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်း စောတို့၊ မနောဇမ္ဗူ၊ ခံတော်မူသည်၊ မြိတ်ဖြူ၊ မြိတ်စို့၊ သွယ်ညှို့မြိတ်လွတ်၊ ရစ်ပတ်စုလည်း၊ ရော့ရည်းထုံးဖွဲ့၊ တုမဲ့ရွှေရောင်၊ တိမ်တောင်တက်သက်၊ လျှပ်စစ်ပြက်သို့၊ စဝှက်ရောင်ပြေး၊ နှင်းသွေးမစို့၊ ကြာညို့ဝတ်ဆံ၊ ဓူဝံနှိုင်းရှည့်၊ ရှုကြည့်မငြီး၊ ဦးပြီးရွှင်ပျော်၊ ဇင်ယော်တန်းဝဲ၊ ပုလဲ ကိုးလုံး၊ ဂမုန်းငုံအာ၊ လေသာဝေ့လည်၊ မြူခြည်ပတင်၊ ယကင်ထုံးတုံး

ပျူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ

                 ပျူခေတ်ကာလကို ရှေးဟောင်းသုတေသနဌာန၏ Dating သတ်မှတ်ချက်အရ ၂ ရာစု ဘီစီ မှ အေဒီ ၉ ရာစုအထိ သတ်မှတ်နိုင်ပါသည်။ ပျူမြို့ပြပြည်ရွာများကို ဧရာဝတီမြစ်ဝှမ်း လွင်ပြင်နှင့် စမုံမြစ်ဝှမ်းလွင်ပြင်တစ်လျှောက် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ တကောင်း၊ မိုင်းမော (ပင်လယ်)၊ ဝတီး၊ ဘိန္နက၊ သဲကုန်းနှင့် နေပြည်တော်ဝန်းကျင် စသည်တို့တွင် တွေ့ရှိရ ပါသည်။

          ပျူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များကို နံရံပန်းချီ အထောက်အထား များ အနေဖြင့် မတွေ့ရသော်လည်း ပျူခေတ်လက်ရာ ရုပ်တုရုပ်ကြွများနှင့် ခေတ်ပြိုင် တရုတ် မှတ်တမ်းစာပေများအရ ပြန်လည်ဖော်ထုတ် လေ့လာနိုင်ပါသည်။

          တကောင်းခေတ် မောင်ပေါက်ကျိုင်း ခေါ် နဂါးနိုင်မင်း ရာဇဝင်လာ စကားထာတစ်ခု၌ ရာပေး၍ဆုတ်၊ ထောင်ပေး၍ချုပ်၊ ချစ်သူအရိုး ဆံထိုးလုပ် ဟူ၍ စပ်ဆိုထားရာ ပျူခေတ်က အမျိုးသမီးတို့သည် ဆံကောသာထုံးဖွဲ့၍ ဆံထိုး ထိုးစိုက်ကာ အလှဆင်လေ့ရှိကြောင်း သိရှိရ ပါသည်။ ထို့အပြင် ခေတ်ပြိုင် ထန်မင်းဆက် တရုတ်မှတ်တမ်း၌ အေဒီ ၈၀၂ ခုနှစ်နှင့် ၈၀၇ ခုနှစ် များတွင် ပျူနိုင်ငံမှ အနုပညာသံအဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံ ချန်အန်းမြို့တော်သို့ သွားရောက် ဖျော်ဖြေခဲ့ကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားရာ ပျူအနုပညာရှင်များတွင် အမျိုးသမီး ကချေသည်များ  ပါဝင်ကြောင်းနှင့် ပျူကချေသည်  အမျိုးသမီးများ၏ ဆံပင်ဆင်ယင်ထုံးဖွဲ့မှုကို 

ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှု

မိန်းမတို့ဘုန်း ဆံထုံး ဟူ၍ မြန်မာဆိုရိုးစကား တစ်ရပ်ရှိရာ မြန်မာအမျိုးသမီးများသည် ဆံကေသာကို ဆံထုံးထုံးဖွဲ့ထားပါမှ ကျက်သရေရှိသည်။ ဘုန်းရှိသည်ဟု အစဉ်အဆက် ဓလေ့ထုံးစံတစ်ရပ်အနေဖြင့် အစဉ်အဆက် ယူမှတ်လာခဲ့ကြပါသည်။

ထို့ကြောင့်လည်း ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့သည် ဘုန်းကျက်သရေနှင့် ပြည့်စုံသော ဆံကေသာအား အရှည်ထားခြင်း၊ ဆံရှင်းခြင်း၊ ခေါင်းလျှော်ခြင်း၊ ဆီမွှေးနံ့သာ လိမ်းကျံခြင်း၊ လှပကျော့ရှင်းသပ်ရပ်နေစေရန် ထုံးဖွဲ့ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုး၊ ဘီး၊ ပုလဲကုံး စသည်ဖြင့် အဆင်တန်ဆာများဖြင့် အလှဆင်ခြင်းတို့ကို ခေတ်ကာလအလိုက်၊ နေရာဒေသ အလိုက် လှပစွာ ဖန်တီး လုပ်ဆောင်ခဲ့ကြပါသည်။

ထိုသို့ ခေတ်ကာလအလိုက် ဆံကေသာအလှ ဆင်ယင်ထုံးဖွဲ့မှုများကိုလည်း နံရံဆေးရေး ပန်းချီများ၊ ရုပ်တုရုပ်ကြွများ၊ ကျောက်စာများ၊ ခေတ်ပြိုင်စာပေမှတ်တမ်းများနှင့် ရှေးဟောင်း ဓာတ်ပုံများ၌ မှတ်တမ်းတင်ကာ ရေးဆွဲ၊ ထုလုပ်၊ ရေးသားဖော်ပြခဲ့ကြသဖြင့် ခေတ်ပြိုင် အထောက်အထား အကြွင်းအကျန်များနှင့် ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များအရ နောက်လူတို့ ပြန်လည် သိရှိခဲ့ကြရပါသည်။

Thursday, October 12, 2023

ထူးမခြားနား (အပိုင်း ၂)

ထူးမခြားနား သီချင်းအ​ကြောင်း အနှစ်ချုပ်က​တော့ အပိုင်း ၁ မှာလဲ ​ပြောပြီးပါပြီ၊ အပိုင်း ၂ က စွယ်​​တော်စင်နဲ့ စွယ်​တော် ရှိ/မရှိ ရှာရင်း  ဝိဝါဒကွဲ​နေတဲ့ တေး​ရေး ခြေရာ​ကောက် ဆိုရမလားဘဲ ဆက်​​ပြောရပါဦးမယ်။ 


​ရွှေနန်းထွက်မဟာဂီတကျမ်း ​ရေးသားသူ စန္ဒယားဆရာမြိုင် ရဲ့ အဆိုက​တော့-


ဘိုး​တော်ဘုရား နတ်ပြည်စံပြီး​နောက် ဖလ်နန်းရှင် ဘကြီး​တော်ဘုရား နန်းတက်ချိန်မှာ "အိုအို​အေတို့​ရေ၊ ​နေရာ​ဟောင်း ​ပြောင်းကြစို့​လေ" ဆိုတဲ့ တ​​ဘောင်တစ်ရပ် ​ပေါ်ထွက်လာပြီး ​ရတနာပူရပြည်မှာ ရောဂန္တရကပ်ဆိုက်လို့ ဘကြီး​တော်ဟာ မှန်နန်းစတုတ္ထ ပြည်အင်းဝကို ​ပြောင်း​ရွှေ့စံမြန်းခဲ့ပါတယ်၊ အဲ့အချိန်မှာ စွယ်​တော်စင်က ​​ရောင်ခြည်​တော်​ခြောက်သွယ် ကွန့်မြူးလို့ ​တေး​ရေး ဆက်သွင်းဖို့ မြဝတီမင်းကြီးကို တာဝန်​ပေးခဲ့​ကြောင်း သံယုတ်ဆရာ​တော်ဘုရား ဗြဟ္မာဘုံနန်း မြန်းမကြွခင် သက္ကရာဇ် ၁၂၈၃ ခုနှစ်မှာ မိန့်ကြား​တော်မူခဲ့​ကြောင်းကို ရန်ကုန်မြို့ရှိ သရစိမ်းမိဖုရားအိမ်​တော်မှာ ခစား​နေတဲ့ အဆို​တော်ကြီး ဦး​ကြွေက မိန့်ခဲ့တယ်လို့ စန္ဒယားမြိုင်က ဆိုထားပါတယ်။


မြဝတီစာစု သီချင်းစု စာအုပ်မှာ ဒဂုံခင်ခင်​လေးက ခုလို ဆိုပြန်ပါတယ်-

ထူးမခြားနား (အပိုင်း ၁)

ထူးမခြားနားအ​ကြောင်း​လေး ​ရေးပါဦး သိခြင်လို့ စသည်ဖြင့် ​တောင်းဆိုထားကြတဲ့ စာဖတ်သူ​တွေအတွက်ပါ။ မဟာဂီတကို မြတ်နိုးတဲ့ တစ်​ယောက်ဆီတိုင်းကိုလဲ ​လေးစားစွာ ​ကျေးဇူးတင်ပါတယ်။ 


ထူးမခြားနား အစချီ ​ရောင်ခြည်​တော်ဘွဲ့ သီချင်းခံ ကို​​တော့ ဘာသာ​ရေးဆိုင်ရာ အခမ်းအနား အ​တော်များများမှာ သီဆိုပူ​ဇော်​လေ့ရှိကြလို့ မြန်မာလူမှုအသိုက်အဝန်းမှာ လူသိများ ထင်ရှားပါတယ်။


မဟာဂီတ သီချင်းကြီး​တွေထဲမှာ ​ဘုရားရှင်ရဲ့ ​ရောင်ခြည်​တော်ဘွဲ့ သီချင်းက ထူးမခြားနား တစ်ပုဒ်ထဲ ရှိတာ မဟုတ်ပါဘူး။

Tuesday, October 10, 2023

ဘုံ​ဆောင်မြင့်





မနက်​စော​စော ရပ်ကွက်ဆွမ်း​လောင်းဓမ္မာရုံက ဖြစ်မယ်ထင်ပါတယ်။ အဆို​တော်ကြီး​ဒေါ်မာမာ​အေး အသံနဲ့ ဘုံ​ဆောင်မြင့် (​ဖောင်လားကြိုး) မဟာဂီတ သီချင်းကြီးကို ဖွင့်​​နေတာ။

နားဝမှာ ကြားရတာ ကျက်သ​ရေ မင်္ဂလာ ရှိလိုက်တာ။ 


သီချင်းဖွင့်တဲ့သူက​တော့ ဒီသီချင်းကြီးက ဘာအဓိပ္ပါယ်ရှိတယ် သိဟန် မတူပါဘူး။ ​ကြေး​နောင်တီးချက်​တွေနဲ့ မြန်မာဆန်တဲ့ ​ရှေးသီချင်းမို့ ​စော​စောစီးစီး မင်္ဂလာယူပြီး ဘုံ​ဆောင်မြင့် နဲ့ ဖွင့်လိုက်ပုံပါဘဲ။


​သြော်.. ကိုယ့်အတွက်က​တော့ မဟာဂီတသီချင်းသံ​လေး ကြားလိုက်ရတာနဲ့ ဘယ်သူ​ရေးတယ်၊ သီချင်းစာသားက ဘာကိုညွှန်းတယ်၊ ​ပေါရာဏစကားလုံး​တွေရဲ့ ကြွယ်ဝတဲ့ အနက်​တွေကို ပြန်​တွေး ခံစားရင်း သမိုင်း​နောက်ပြန် လည်မိတယ်။


ဘုံ​ဆောင်မြင့် အစချီ ​ဖောင်လားကြိုး ကို ​ရေးစပ်ခဲ့သူက စာဆိုစစ်သည် မဟာသီဟသူရ မြဝတီမင်းကြီးဦးစ ​ပေါ့။ 

မြန်မာမင်း​တွေ လက်ထက်က ​ကုန်းလမ်း ​ရေလမ်း နှစ်ဌာနကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ်​လေ။ အထူးသဖြင့် နိုင်ငံရဲ့ ​မြောက်ဖျားက​နေ ​တောင်ဘက်ပင်လယ်ထဲအထိ ဖြတ်သန်းစီးဆင်း​နေတဲ့ ဧရာဝတီမြစ်ကြီးက ​ရေး​ကြောင်းခရီးအတွက် အသက်​သွေး​ကြော​ပေါ့။


ဘုရင်မင်းမြတ်​တွေဟာလဲ ​ရေ​ကြောင်းချီ ထွက်​တော်မူ​လေ့ရှိကြတယ်။ ​ရေသဘင်ပွဲ​တော်​တွေလဲ ကျင်းပခဲ့ကြတယ်။ ​ရေနဲ့ ပတ်သက်တဲ့ အခမ်းအနားကြီး​တွေမှာ အထူးထူး ဆန်းပြား ခမ်းနားစွာ တည်​ဆောက်ထားတဲ့ ​ဖောင်​တော်ကြီး​တွေစီးလို့ ထွက်​တော်မူချိန်ကို ပြန်မြင်​ယောင်မိပါရဲ့။ 


အဲ့လို ​ရေ​ကြောင်းချီ ထွက်​တော်မူ အခမ်းအနားကြီး​တွေကို မျက်ဝါးထင်ထင် ကိုယ်တိုင်မြင်ခဲ့ ကြုံခဲ့ သိခဲ့ရတဲ့ မြဝတီမင်းကြီးက ​ဖောင်လားကြိုး မဟာဂီတဝင် ကြိုးသီချင်း​ကို ​ရေးဖွဲ့လို့ ​နောက်လူ​တွေအတွက် ချန်ထားခဲ့​လေရဲ့။ 


မဟာဂီတထဲက ကြိုးသီချင်း​တွေထဲမှာ ၂ ပုဒ် တစ်စုံကြိုး၊ ၃ ပုဒ် တစ်စုံကြိုး၊ ၅ ပုဒ် တစ်စုံကြိုး လို့ ထူးထူးခြားခြား သီချင်းကြီး​တွေ ရှိခဲ့တယ်။ 

၂ ပုဒ် တစ်စုံထဲမှာ ကင်းဘတ်ကြီး၊ ကင်းဘတ်ငယ်

၃ ပုဒ် တစ်စုံထဲမှာ ​ဖောင်ငင်ကြိုး၊ ​ဖောင်လားကြိုး၊ ​ဖောင်ဆိုက်ကြိုး ဒီသီချင်း​တွေဟာ ​​ရေ​ကြောင်းချီရာမှာ အသုံးပြုတဲ့ ​ဖောင်​တော်၊ ​လှေ​တော်​တွေအ​ကြောင်း ​ရေးဖွဲ့သီကျူးထားတဲ့ သီချင်း​တွေ​ပေါ့။ 


​ပြောချင်တာ​တွေက များ​တော့ လိုရင်း​ပျောက်လို့ ဘုံ​ဆောင်မြင်ဘက် ပြန်လှည့်ဦးမှ 🤣


မြဝတီမင်းကြီးက ​ဖောင်လားကြိုးကို ဒီလို​ရေးခဲ့တယ်-


ဘုံဆောင်မြင့်။ စိန်ကြောင်ဖလ်ရှိန်။ ညီးလို့လင်းလင်း။   ။ ကြွားကြွား မိုးဖျား။ သီခေါင်လေ ရီမှောင်လေ ဝေးရရှင်းရှင်း။   ။ ကိုးမျက်မြွှာငယ်လေ။ စိုးစကြာငယ်လေ။ လောကလောင်းမင်း။   ။ ဘုန်းတေဇာငယ်လေ။ နှုန်းနေဖြာတယ်လေ။ ထွန်းပဝင်းဝင်း။   ။ ရေနန်းဗိမာန်ငယ်လေ။ ထူးလှကောင်းခြင်း။   ။ ရွှန်းရွှန်းလန်းလို့။ လျှပ်ပန်း လျှပ်ပန်း။ ထွေးပင်သာ ထွေးလှသောင်းတွင်း။   ။ သီဟာရွှေဗွေခင်းမှာလ။ ရွေတည့်ရွေညီလာ။   ။ ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။   ။ ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဖောင်လားကွန့်လေး။   ။ ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။   ။ ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဖောင်လားကွန့်။ များ လှေ ရံလေလေတည့်။ များလှေရံ။   ။


​ဖောင်​တော်​တွေရဲ့ ဘုံပြသာဒ်​တော်​တွေဟာ စိန်​ရောင် ​ရွှေ​ရောင် ဖလ်​ရောင်​တွေနဲ့ လျှပ်စီးလက်သလို တဖြတ်ဖြတ်လင်းလက်​နေပြီး မိုးထိ​အောင် မြင့်မားဝံ့ကြွား လှပတင့်တယ်​နေပုံကို ကွက်ကွက်ကွင်းကွင်း မြင်သာ​အောင် တန်ဆာဆင် ​ရေးဖွဲ့ထားသလို ​မြစ်တွင်းမှာ ကျင်းပတဲ့ ​ရေသဘင်ပွဲ​တော် အခမ်းအနားရဲ့ ကြီးကျယ် ခမ်းနားပုံကိုလဲ လှလှပပ ​ထိထိမိမိ ​ရေးဖွဲ့သွားတဲ့ မြဝတီမင်းကြီးရဲ့ က​လောင်စွမ်းက အံ့မခန်း မင်သက်မိ​အောင်ပါဘဲ။

သီချင်းရဲ့ အချပိုဒ်မှာ


... ယဉ်ဧရာ ကြယ်ရံကာ သော်တာတွားသို့ လေး၊ ပြာချေမှောင် ခွာသွေရှောင်၊ ရွှေဖောင်လားကွန့်၊ များ လှေ ရံလေလေ လေတည့်၊ များလှေရံ... ဆိုတဲ့ အဖွဲ့အနွဲ့​လေးကလဲ လှပါဘိ။


ဧရာဝတီမြစ်ပြင်ကျယ်ကြီးထဲမှာ ​မင်းတရားကြီး လိုက်ပါစီးနင်းလာတဲ့ ရွှေ​​ဖောင်​တော်ကြီးကို များပြားလှစွာတဲ့ ​လှော်ကား​တော်​၊ ရဲ​လှေ၊ တိုက်​လှေ၊ ဆွဲ​လှေ စတာ​တွေက ဝန်းရံပြီး ​ဖောင်​တော်လားတာဟာ အပြာ​ရောင်​ကောင်းကင်ကြီးကို အ​မှောင်ထုဖုံးလွှမ်းသွားချိန်မှာ ထွက်​ပေါ်လာတဲ့ လမင်းကြီးကို ကြယ်​လေး​တွေ ဝန်းရံထားတာနဲ့ တူပါသတဲ့.. ဘယ်​လောက်များ နုယွလှပလိုက်တဲ့ စာသား​တွေ​နော်


ဒီအပိုဒ်နဲ့ အလားတူအဓိပ္ပါယ်ရတဲ့ အကြောင်းအရာကို ဘကြီးတော်မင်းလက်ထက် ဗြိတိသျှသံတမန် ကရောဖို့ဒ်က ဘကြီးတော်၊ မိဖုရားကြီး မယ်နု နဲ့ သမီးတော်ကလေး(နောင်တွင် ဆင်ဖြူမရှင်မိဖုရား) တို့ တက်ရောက်ခဲ့တဲ့ ရေသဘင်ပိတ်ပွဲအကြောင်းကို သူ့ရဲ့ မှတ်တမ်းမှာ ခုလို အောက်ပါအတိုင်း ရေးထားခဲ့ပါတယ်။

"The moment chosen was the most favourable for effect. The setting sun shone brilliantly upon a profusion of “barbaric gold,” and the pageant was altogether the most splendid and imposing which I had ever seen, ..."(John Crawfurd, British envoy to the Myanmar court in 1826)


စာလဲရှည်သွားပြီထင်ပါတယ်။ ​ဖောင်လားကြိုး တစ်ပုဒ်ထဲ​တောင် ချဲ့​ပြော ချဲ့​ရေးရင် ​​တွေးစရာ ​ရေးစရာ​တွေ အများကြီးပါဘဲ။ ​ဖောင်နဲ့ပတ်သက်တဲ့ ၃ ပါးတစ်စု ကြိုးသီချင်း ၃ ပုဒ်ဆိုရင်​တော့ ဝန်ကြီးဌာနအဆင့်မီသု​တေသနစာတမ်း​ကောင်းတစ်​စောင် ထပ်ထွက်လာဦးမယ် ထင်ပါတယ်။ ။

#တင်လတ်ယု