Tin Latt Yu (Culture)
Saturday, December 9, 2023
နတ်သျှင်နောင်ရဲ့ ငယ်ချစ်ဦး (သို့မဟုတ်) "မပန်ရလဲ မပန်ချင်" စာဆိုရှင် ရဝေရှင်ထွေး (အပိုင်း- ၂)
နတ်ရှင်နောင်ရဲ့ အချစ်ဇာတ်လမ်းကို ပြောကြတဲ့အခါ ရာဇဓာတုကလျာရဲ့ အခန်းကဏ္ဍဟာ ဩဇာကြီးမားလှတာကြောင့် တခြားကိစ္စတွေဟာ မှေးမှိန်ပျောက်ကွယ်နေခဲ့ပါတယ်။ အင်းဝမှာ ရှင်သံခို( ရှင်သံကိုယ်) ရဲ့ ကဗျာ ပြဿနာတက်တော့မှ နတ်ရှင်နောင်မှာ ငယ်စဥ်က ငါးဆူဒါယကာရဲ့ သမီးခင်ရွှေနှောင်းနဲ့ ချစ်ခဲ့ဖူး သလိုလိုကိစ္စ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရဝေရှင်ထွေးရဲ့ ကိုယ်ရေးကိုယ်တာ အန်ချင်း အပြည့်အစုံကို တွေ့ရှိလာရတဲ့အခါ နတ်ရှင်နောင်ရဲ့ ချစ်ရေးချစ်ရာနဲ့ ပတ်သက်ပြီး စဥ်းစားစရာတွေ များစွာရှိ လာခဲ့ပါတယ်။ ဒီအန်ချင်းကဗျာဟာ အရင်ကတိမ်မြှုပ်ပျောက်ကွယ်နေခဲ့ပြီး ၁၉၅၃ခုနှစ်မှာမှ မြန်မာနိုင်ငံသုတေသနအသင်းကြီးက မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ကျောက်ဆောက်ကျောင်းမှာ သီတင်းသုံးတဲ့ ဓမ္မစရိယ ဦးဝါသဝ ထံကရရှိတဲ့ ၁၁၃၅နှစ်ကူး ပေမူကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အတွဲ ၃၆ အပိုင်း ၁ မှာ ပုံနှိပ်ဖော်ပြ လိုက်တဲ့အခါမှ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ဒဂုဏ်ခင်ခင်လေးရဲ့ အမျိုးသမီး အနုပညာရှင်များ စာအုပ်မှာ ဆံထုံးထုံးနည်း ၅၅ မျိုး စာပိုဒ်အပါအဝင် ပိုဒ်ရေ ၈၅ ပိုဒ်ကို တစ်စုတစ်စည်း ဖော်ပြထားပါတယ်။ ပန်းရွှေပြည် စာအုပ်တိုက်က ကိုယ်ရွှေသိမ်းမင်း စုစည်းခင်းကျင်းတဲ့ ပန်းရွှေပြည် ရှေးကဗျာစုမှာတော့ ဆံထုံးထုံးနည်းပါတဲ့ ရှေ့နှစ်ပိုဒ်နဲ့ စာသားထပ်နေတဲ့ နှစ်ပိုဒ်ကို ဖယ်ပြီး ၈၁ ပိုဒ် ဖော်ပြထားတာ တွေ့ရပါတယ်။
နတ်သျှင်နောင်ရဲ့ ငယ်ချစ်ဦး သို့မဟုတ် "မပန်ရလည်း မပန်ချင်" စာဆိုရှင် ရဝေရှင်ထွေး(အပိုင်း- ၁)
ဒီအကြောင်းရေးဖို့ ဖြစ်လာတာက မနှစ်က ကခဲ့တဲ့ "အသက်ထက်မြတ်သော ဂုဏ်သိက္ခာ" နတ်သျှင်နောင်ဇာတ်ကြီးက စတယ်လို့ ဆိုရမှာပါဘဲ။ ဇာတ်လမ်းရဲ့ အဓိက ဦးတည်ချက်တွေ ပျက်သွားမှာစိုးလို့ ရဝေရှင်ထွေး အကြောင်းကို နှစ်ပါးသွားမှာဘဲ ပါးပါးလေး ထည့်ကခဲ့ရတယ်။ လူအများစုက ငယ်ချစ်နဲ့ လွဲကြတာ များသလို ချစ်တိုင်းလဲ မညားကြသူတွေ လောကမှာ အများကြီးပါ။ အဲ့ဒီလူတွေထဲမှာ နတ်သျှင်နောင်နဲ့ ရဝေရှင်ထွေး တို့လဲ ပါဝင်ခဲ့ကြတာပေါ့။
ဒီပြဿနာကို အစဖော်တာက ရှင်ထွေးလေးပါ။ ရှင်ထွေးလေး ဆိုတာကတော့ ရဝေရှင်ထွေးဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်သူဖြစ်လို့ ရဝေရှင်ထွေးဆိုတာထက် ရှင်ထွေးလေး လို့ပဲ ခေါ်ချင်မိတယ်။ သူ့ရဲ့ကဗျာအကြောင်း စာလေးရေးမယ်လို့ စိတ်ကူးရလို့ သူ့ကဗျာကလေးတွေဖတ်တော့ သူဟာ နတ်ရှင်နောင်ကို တတမ်းတတနဲ့ ချစ်ခဲ့ရသူတစ်ယောက်ဆိုတာ အထင်းသား မြင်လာရတယ်။ သူ့ကဗျာတွေဖတ် သူ့ကိုသနားစိတ် ဝင်လာရာက ဒီပြဿနာ စတော့တာပါပဲ။
Sunday, October 15, 2023
မြောက်ဦးခေတ် အမျိုးသမီးများ၏ ဆံကေသာထုံးဖွဲ့မှုဟန်များ
မြောက်ဦးခေတ်တွင်
ဆံထုံးပုံစံ ၆၄ မျိုး ရှိခဲ့ကြောင်း ဆိုကြသော်လည်း ရှေးခေတ်ရခိုင် လင်္ကာ
တစ်ခုတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်-
“ဇမ္ဗူတံခွန်၊ မင်းမွန်စိုးမြတ်၊ လောကနတ်တို့၊ ကျင့်အပ်တရား၊ စောင့်ထိန်းငြားသည်။ မမှားအမှန်၊ မြတ်မွန်သီလ၊ မြတ်ဓမ္မဖြင့်၊ စိုးကြသောခါ၊ ပြည်ဓညာဝယ်၊ နေပါတုံလျှင်, သူတော်စင်တို့၊ ဆင်ယင်ဝတ်စား၊ ရှိငြားတန်တန်၊ ထုံးနည်းမှန်မှာ၊ ထုတ်ပြန်တစ်ချက်၊ မပျက်ဥသျှောင်၊
ကုန်းဘောင်ခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ
ကုန်းဘောင်ခေတ်သည် အေဒီ ၁၇ ရာစုမှ ၁၈ ရာစုကြား ထွန်းကားခဲ့ပါသည်။ ကုန်းဘောင်ခေတ်ကို ကုန်းဘောင်ခေတ်ဦး၊ ကုန်းဘောင်ခေတ်လယ် (အမရပူရခေတ်) နှင့် ကုန်းဘောင်ခေတ်နှောင်း (ရတနာပုံခေတ်) ဟူ၍ ပိုင်းခြားထားပါသည်။
ကုန်းဘောင်ခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုများကို စာပေမှတ်တမ်း၊
ပုရပိုက် ပန်းချီ၊ နံရံဆေးရေးပန်းချီ၊ ဓာတ်ပုံ၊ ရုပ်တုရုပ်ကြွများ စသည်ဖြင့်
စုံလင်စွာ တွေ့ရှိရပါသည်။
ကုန်းဘောင်ခေတ်ဦး ပန်းချီနံရံဆေးရေး လက်ရာများကို ပုဂံမြို့
အာနန္ဒာအုတ်ကျောင်း၊ ချောင်းဦးမြို့၊ ခင်မွန်ရွာ၊ ရွှေစာရံ ဖိုးကုလားဘုရား၊
စစ်ကိုင်း လောကအောင်မြေဘုရား၊ တောင် သမန် ကျောက်တော်ကြီးဘုရား၊ မန္တလေး
မဟာမြတ်မုနိဘုရား၊ အမရပူရ ရွှေဂူသာဘုရား စသည် တို့တွင်လည်းကောင်း၊
ပုရပိုက်ပန်းချီများတွင်လည်းကောင်း၊ နိုင်ငံခြားသံတမန်များ၏ မှတ်တမ်း တင်
ရေးဆွဲခဲ့ကြသော ပန်းချီများတွင်လည်းကောင်း၊ ဓာတ်ပုံမှတ်တမ်းများအဖြစ် လည်းကောင်း
တွေ့ရပြီခေတ်ပြိုင် စာ ကဗျာ မှတ်တမ်းများတွင်လည်း တွေ့ရှိရပါသည်။
ပုဂံမြို့၏မော်ကွန်းထိန်းဖြစ်သူ ဥတ္တနရာဇာ လှူဒါန်းခဲ့သည့် ကုန်းဘောင်ခေတ်ဦးလက်ရာ
တောင်ငူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ
တောင်ငူခေတ်သည် အေဒီ ၁၅ ရာစုနှောင်းပိုင်းမှ ၁၇ ရာစုဦးကြား ထွန်းကားခဲ့ပါသည်။
တောင်ငူခေတ်တွင်
စာဆိုကျော်များ များစွာ ပေါ်ထွန်းခဲ့သောကြောင့် ထိုစာဆိုများ ရေးဖွဲ့ ခဲ့သည့်
ပျို့၊ ကဗျာ၊ ရတု စသည်တို့မှ တောင်ငူခေတ် အမျိုးသမီးတို့၏ ဆံကေသာထုံးဖွဲ့မှု
ဟန်ကို ဖော်ထုတ်နိုင်ပါသည်။
ရှင်သံခို၏ ရတုတွင်-
“ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားလည်မခွေ၊
စုလည်းပြေနှင့်” ဟု ဖော်ပြထားရာ တောင်ငူ ခေတ် အမျိုးသမီးတို့သည် စုလည်းဆံထုံးမျိုးကို
ထုံးဖွဲ့၍ ဆံစကို နားအနီးတွင် မခွေဘဲ ဖြာထွက် နေဟန် အင်းဝခေတ်၏ ဗျာပါဆံမျိုး
ဆက်လက်အသုံးပြု ထုံးဖွဲ့လာသည်ဟု ဆိုရ ပေမည်။
မင်းဇေယျရန္တမိတ်၏ တောင်ငူခေတ် နန်းတွင်းသူများအကြောင်း ရေးဖွဲ့ထားသော
ကဗျာ တွင်-
“လျော့လျော့ရည်းရည်း၊ ညရီဆည်းတွင်၊
ပန်းလည်းမဆင်၊ ကေရှင်ပင့်၍၊ မထုံးလေတတ်၊ လိမ်းချေမွတ်နှင့်” ဟု ရေးစပ်ခဲ့ရာ နန်းတွင်းသူများသည် ဆံပင်ကို
ညနေပိုင်းတွင် ထုံးဖွဲ့ခြင်း၊ ပန်းပန်ဆင်ခြင်း မပြုလုပ်ကြောင်း ဖော်ပြထားသည်ကို
တွေ့ရပါသည်။
နတ်သျှင်နောင်၏ ရတုများတွင်
အင်းဝခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ
အင်းဝခေတ်ကို အေဒီ ၁၄ ရာစုမှ ၁၇ ရာစုဦး ကြားကာလအဖြစ် ယေဘုယျ သတ်မှတ် နိုင်ပါသည်။ အင်းဝခေတ်ကို ပထမအင်းဝခေတ်၊ ဒုတိယအင်းဝခေတ် (ညောင်ရမ်းခေတ်)နှင့် တတိယအင်းဝခေတ် အဖြစ် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပါသည်။ အင်းဝခေတ်သည် မြန်မာစာပေ၏ ရွှေခေတ်ဟု တင်စားနိုင်ခဲ့သည့်အလျောက် ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု စသည့် စာပေအမျိုးအစား များစွာ ပေါ်ထွက်ခဲ့ပြီး စာဆိုတော်များစွာလည်း ထွန်းကားခဲ့ပါသည်။
အင်းဝခေတ် အမျိုးသမီးတို့၏ ဆံကေသာထုံးဖွဲ့မှုဟန်များကို
စာပေမှတ်တမ်းများနှင့် နံရံဆေးရေးပန်းချီ အထောက်အထားများမှ အများဆုံး တွေ့ရှိရပြီး
ရုပ်တုအချို့တွင်လည်း တွေ့ရ ပါသည်။
ရှင်မဟာရဋ္ဌသာရ၏ “ဝဏ္ဏပဘာ” အစချီ တောက်တဲ့တွန့်ရတုတွင်-
“ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်မူ၊ ကျစ်လျစ်တင့်စမ္ပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြ မြိတ်စို့၊ ဆင်းရောင်ပျို့ကို . . . ရွှေကြက်တောင်ဝယ်၊ ဖြူရောင်ရေးထင်စွ၊ သွယ်ခွေချ၍ . . . ဒေဝစ္ဆရာ၊ ပြင်လျာသက်တင်ရောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်ပြစ်မျိုးလွတ်၊ ပြာထွတ်ထွတ် လျှင်၊ ရစ်ပတ်ခြူးမြှောင့်စီ . . .” ဟု ဖော်ပြထားရာ အင်းဝခေတ် အမျိုးသမီးများသည်
ပုဂံခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များ
ပုဂံခေတ်ကို အေဒီ ၁၀ ရာစုမှ အေဒီ ၁၃ ရာစုအထိ သတ်မှတ်ထားပါသည်။ ပုဂံခေတအထောက် အထားများကို ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ ချောက်၊ စလေ၊ စလယ် စသည့် ဒေသများရှိ ဘုရား၊ စေတီ၊ ဂူ၊ ပုထိုးများတွင် အများဆုံး တွေ့ရှိရပါသည်။
ပုဂံခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များကို နံရံပန်းချီ
အထောက်အထား များ၊ ရုပ်တု ရုပ်ကြွများနှင့် စာပေမှတ်တမ်းများအရ ပြန်လည်ဖော်ထုတ်
လေ့လာနိုင်ပါသည်။
ထို့အပြင် ပုဂံခေတ်၌ ဆံထုံးထုံးနည်း ၅၅ နည်း ရှိခဲ့သည့်အကြောင်းကို
တောင်ငူဘုရင် မဟာဓမ္မရာဇာမင်း၏ ကိုယ်လုပ်တော်ဖြစ်ခဲ့သူ ဘိုးတော်ဘုရား လက်ထက်တွင်
အင်းဝနန်းတွင်း စာဆိုတော် ဖြစ်လာသော ရဝေရှင်ထွေးက မြန်မာသက္ကရာဇ် ၉၆၇- ၉၉၀ (အေဒီ ၁၆၀၅- ၁၆၂၈) တွင် အန်ချင်း တစ်ပုဒ်တွင် အောက်ပါအတိုင်းရေးဖွဲ့ စပ်ဆိုခဲ့ပါသည်-
“အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးစွေ၍၊ သပြေမည်ခံ၊ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်း စောတို့၊ မနောဇမ္ဗူ၊ ခံတော်မူသည်၊ မြိတ်ဖြူ၊ မြိတ်စို့၊ သွယ်ညှို့မြိတ်လွတ်၊ ရစ်ပတ်စုလည်း၊ ရော့ရည်းထုံးဖွဲ့၊ တုမဲ့ရွှေရောင်၊ တိမ်တောင်တက်သက်၊ လျှပ်စစ်ပြက်သို့၊ စဝှက်ရောင်ပြေး၊ နှင်းသွေးမစို့၊ ကြာညို့ဝတ်ဆံ၊ ဓူဝံနှိုင်းရှည့်၊ ရှုကြည့်မငြီး၊ ဦးပြီးရွှင်ပျော်၊ ဇင်ယော်တန်းဝဲ၊ ပုလဲ ကိုးလုံး၊ ဂမုန်းငုံအာ၊ လေသာဝေ့လည်၊ မြူခြည်ပတင်၊ ယကင်ထုံးတုံး
